Main menu

မြိတ်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော ရင်ကန်းချိုသီးဈေးနှုန်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင်စိုက်ပျိုးရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပါသည်။ အခြားပြည် နယ်များမှတင်သွင်းလာသော ရင်ကန်းချိုသီးများလည်း မြိတ်မြို့ပေါ်ရှိဈေးများပေါ်တွင် ရောင်းချလျက်ရှိပါသည်။ အပြင်ခွံမှာအနီရောင်ဆူးများပါရှိ၍ အခွံပါးဖြင့်ဖုံးအုပ်ထားပြီး အတွင်းအသားများမှာ တစ်ခုနှင့်တစ်ခု ရင်ချင်းပူးကပ်နေ၍ ဒေသအခေါ်(ရင်ကပ်သီး)ရင်ကန်းသီး ဟုခေါ်ကြပါသည်။ ချိုချိုချဉ်ချဉ်အရသာရှိ၍ အအေးဖျော်သောက်ကြသလို ငပိဖြင့်သုပ်စားကြပါသည်။

  ၂၀၂၅ ခုနှစ်၊  နိုဝင်ဘာလပထမပတ်အတွင်း ရောင်းချလျက်ရှိသော ဈေးနှုန်းအနေဖြင့် ၁ပိဿာ လျှင်(၁၆၀၀၀)ကျပ်နှင့် ၅၀သားလျှင်(၈၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ရင်ကန်းသီးကို အသုပ်ဆိုင်များ၊ အအေးဆိုင်များတွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)