
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် (၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း ရောင်းချနေသည့် အရောင်းဆိုင်များသို့သွားရောက်၍ ပစ္စည်းဝင်ရောက်နေမှု အခြေအနေနှင့် စျေးနှုန်းများအား ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစုံစမ်းချက်အရ မြိတ်မြို့တွင် ဘိလပ်မြေ ကြံ့နှင့် အယ်လ်ဖာ တံဆိပ်များအား ရန်ကုန်မြို့မှ မှာယူရောင်းချလျက်ရှိပြီး ကြံ့ဘိလပ်မြေ တစ်အိတ်လျှင် (၂၇၀၀၀)ကျပ်နှင့် အယ်လ်ဖာ ဘိလပ်မြေ တစ်အိတ်လျှင် (၂၇၅၀၀) ကျပ်ရှိကြောင်း၊ ဘိလပ်မြေ ပြတ်လပ်မှုမရှိစေရေးနှင့် ဒေသတွင်းဖြစ်သင့် ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
