Main menu

ကျောက်ပန်းတောင်းမြို့နယ်၏ ဆူးပုတ်ကြီးဈေးနှုန်း

Powered by Drupal

             ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာပေါင်း(၃၉၉)ရွာ ရှိသည့်အနက်မှ ဆည်ပေါက်၊ ညောင်ကန်၊ အင်ချောင်း၊ ရေထွက်၊ ညောင်ဖြူပင် စသည့်ကျေးရွာများ၌ ဆူးပုတ်ကြီးပင်ကို အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြပြီး ဒေသဈေးကွက်သို့ရောင်းချလျက်ရှိသလို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ဘက်မှလည်း မှာယူပြီး မြို့မစည်ပင်သာယာဈေးတွင်ရောင်းချလျက်ရှိပါသည်။အောက်တိုဘာလပထမပတ်တွင် ဆူးပုတ်ကြီးတစ်ဆယ်ကျပ်သားလျှင်(၂၀၀၀)ကျပ်၊တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာလ တတိယပတ်တွင် ဆူးပုတ်ကြီး တစ်ဆယ်ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။

DOCA(မန္တလေး)