Main menu

ပခုက္ကူမြို့၌ ကြက်ဥဈေး အနည်းအငယ်ကျ၍ အရောင်းအဝယ်ဖြစ်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှု နည်းပါးခြင်းကြောင့် ဒေသတွင်းစားသုံးမှု မလုံလောက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ဈေးနှုန်းများအနေဖြင့်၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ကြက်ဥအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၄၁၀၀၊ ၄၃၀၀၊ ၄၅၀၀)ဈေးရှိပြီး တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ယခင် စက်တင်ဘာလတွင် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့ရာ ယခင် ယခုဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့်ဈေးကျ၍ အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။

          ကြက်ဥသည် ကျန်းမာရေးနှင့် ညီညွှတ်ပြီး အာဟာရပြည့်ဝသော အစားအစာတစ်မျိုးဖြစ်ပြီး စားသုံးပြည်သူများအနေဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူ စားသုံးရသော အစားအစာတစ်မျိုးဖြစ်ခြင်းအပြင် စားသောက်ဆိုင်လုပ်ငန်းရှင်များမှလည်း ဝယ်ယူမှုများခြင်း ကြောင့် အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)