
ဖရဲသီးတွင် ရေဓာတ်၉၂%ပါဝင်သောကြောင့် ရင်ကိုအေးမြစေပြီး ရေငတ်ပြေစေကာ ခန္ဓာကိုယ် အတွင်းရှိ အပူရှိန်ကိုလည်းလျှော့ချပေးနိုင်ပါသည်။ ဖရဲသီးတွင်အဆီနှင့် ကိုလက်စထရော လုံးဝမပါရှိဘဲ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်ခြင်းက ထူးခြားလှပါသည်။ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ နှင့်ဗီတာမင်စီဓာတ်ပေါများစွာပါဝင်ပြီး ကယ်လ်လိုရီအလွန်နည်းသောကြောင့်အာဟာရ လည်းဖြစ်စေ ပါသည်။ ဖရဲသီးကိုစားသုံးပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေး ကောင်းကျိုးများမှာ နှလုံးကျန်းမာရေး ကောင်းမွန်ခြင်း၊ ကျောက်ကပ်ကျန်းမာခြင်း၊ အမြင်အာရုံတိုးတက်ကောင်းမွန်ခြင်း၊ သွေးတိုးရောဂါကို သက်သာစေခြင်း၊ အသားအရေဝင်းပစေခြင်း၊ အရိုးကျန်းမာသန်စွမ်းခြင်း၊ ကြွက်သားများနာကျင်မှုကို ခုခံပေးခြင်းနှင့် ပန်းနာရောဂါကိုတိုက်ဖျတ်ပေးခြင်းစသည့်အကျိုးကျေးဇူးများစွာကိုရရှိစေနိုင်ပါသည်။ဖရဲသီးတွင်ဗီတာမင်စီများစွာပါဝင်သဖြင့် ကိုယ်ခံစွမ်းအား ကိုလည်းမြှင့်တင်ပေးကာ အနာများကိုလည်း လျှင်မြန်စွာကျက်စေနိုင်ပါသည်။ သွားနှင့်ခံတွင်း ကိုလည်းကျန်းမာစေပါသည်။ ဖရဲသီးထဲရှိ အချိုဓာတ် သည် အင်ဆူလင်ကိုထိန်းညှိပေးပြီး သွေးထဲရှိသကြားပမာဏကိုကျစေသဖြင့် ဆီးချိုရောဂါရှိသူများ အနေဖြင့်လည်း စားသုံးပေးသင့်ပါသည်။ ဖရဲသီးတွင်ရေဓာတ်ကြွယ်ဝစွာ ပါဝင်သဖြင့် ဖရဲသီးစားသုံး ပေးခြင်းဖြင့် မကြာခဏ ဆီးသွားစေပြီး ကျောက်ကပ်ကိုသန့်စင်စေကာ ဆီးကျောက်တည်ခြင်း မှလည်း ကာကွယ်ပေးပါသည်။ ဗီတာမင်အေပါဝင်ခြင်းကြောင့် ကြက်မျက်သင့်ရောဂါ၊ မျက်စိအတွင်းတိမ်ဖြစ် ခြင်းစသည့် မျက်စိရောဂါအမျိုးမျိုးအပြင်ဖရဲသီးတွင်ပါဝင်သော ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်ဓာတ်များ ကြောင့် သွေးတိုးရောဂါကိုလည်းသက်သာစေနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းမာရေးအ တွက်ကောင်းကျိုးများစွာပြုသော ဖရဲသီးမှာတစ်လုံးလုံးအသုံးဝင်ပါသည်။ဖရဲသီးအသားကိုလူသားတို့စားသားကြသည်သာမက ဖရဲစေ့ကိုလည်(ကွာစေ့) ပြုလုပ်၍စားသုံးကြပါသည်။ ထို့အပြင် ဖရဲသီး အခွံများကိုလည်း နွားများကြိုက်နှစ်သက်ပြီး တိရစ္ဆာန်အစာအဖြစ်လည်းအသုံးဝင်ပါသည်။ကျန်းမာရေးအတွက်အကျိုးပြုရုံသာမကတစ်လုံးလုံးအသုံးဝင်သောဖရဲသီးကိုမြင်းခြံမြို့ရှိသစ်သီးဆိုင်များနှင့်အေးမြသီတာဈေးထဲတွင် တစ်လုံးလျှင် (၃၀၀၀ -၄၀၀၀ -၅၀၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
DOCA(မန္တလေး)
