Main menu

ပန်းဂေါ်ဖီပွင့်ဖြူစျေးအနည်းငယ်မြင့်တက်

Powered by Drupal

         မန္တလေးကုန်စိမ်းစျေးကွက်သို့   မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်း ပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ ဝင်ရောက် လျှက်ရှိပြီး၊ပန်းဂေါ်ဖီပွင့်ဖြူများ ဝင်ရောက်မှုအနည်းငယ်လျော့ကျပြီး စျေးအနည်းငယ်မြင့် တက် သွားကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ပန်းဂေါ်ဖီဖြူတစ်ခုလျှင် လက္ကားစျေး  ၁၃၀ဝိ/-နှင့် ၁၅၀ဝိ/-၊ လက်လီစျေးမှာ  ၁၈၀ဝိ/-နှင့်၂၀၀ဝိ/-တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အောက်တိုဘာလတတိယပတ်ပေါက်စျေးထက် တစ်ခုလျှင် ၂၀ဝိ/-နှင့် ၅၀ဝိ/-ကျပ်စျေးမြင့်တက်သွားကြောင်း သိရှိရပါသည်။မန္တလေးကုန်စိမ်းရောင်းချသည့် သီရိမာလာ စျေး(ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီဖြူနှင့် ပန်းဂေါ်ဖီစိမ်းကားဝင်ရောက် မှုမှာ နေ့စဉ်တစ်ရက်လျှင် Center () ဘီးကား (၈)စီးနှင့် (၁၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)