Main menu

ကန့်ဘလူမြို့မဈေးရှိ အမဲသားနှင့် ဝက်သားဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/ လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း  ကန့်ဘလူမြို့မဈေးတွင် ဝက်သားရှယ်(၁)ပိဿာ(၃၄၀၀၀)ကျပ်၊ ဝက်ပေါင်သား (၁)ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊  အမဲသားသန့်(၁)ပိဿာလျှင်(၂၈၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ  ယခင်အောက်တိုဘာလ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဝက်သား(၁)ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း အသားရောင်း ချသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)