
စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း မတ္တရာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊အမရပူရမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ကြီး ဒေသတို့ မှ ထွက်ရှိသည့်ပန်းများ ဝင်ရောက်လျှက်ရှိပြီး၊အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းတစ်စီးလက်လီပေါက်စျေးနှုန်းများမှာဂန္ဓာမာပန်းကြွေဖြူတစ်စီးလျှင် ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊အရောင်အမျိုးအစားအလိုက် ဂန္ဓာမာပန်း အပွင့်သေး ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊ မေမြို့ပန်းရောင်စုံ ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊ သစ္စာပန်း ၄၀၀ဝိ/- နှင့် ၄၅၀ဝိ/-၊ လီလီပန်း ၁၅၀၀ဝိ/- နှင့် ၂၀၀၀ဝိ/-၊ သပြေပန်း ၇၀ဝိ/- နှင့် ၁၀၀ဝိ/-၊ အာဆီယံသပြေ ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ နှင်းဆီပန်း ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကျောက်စိမ်းပန်း ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ညွှန့် ၂၅၀ဝိ/-နှင့်၃၀၀ဝိ/-၊သစ်ခွပန်း၄၀၀ဝိ/-နှင့် ၆၀၀ဝိ/-စျေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ မန္တလေးစျေးချိုတော်ရှိ ပန်းရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
