Main menu

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ပန်းသစ်တော်သီးနှင့် ပန်းသီးဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ သခွားမွှေးသီးနှင့် ပန်းသစ်တော်သီးများ ရောင်းချလျက်ရှိပြီး ပန်းသစ်တော်သီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ပန်းသစ် တော်သီး အကြီးတစ်လုံးလျှင် (၅၀၀၀)ကျပ်၊ (၃)လုံးလျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းသီး(၃)လုံးလျှင် (၅၀၀၀)ကျပ်၊ (၄)လုံးလျှင် (၅၀၀၀)ကျပ်နှင့် ပန်းသီးအကြီး(၁)လုံးလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုအချိန်တွင် ပန်းသီးနှင့် ပန်းသစ်တော်သီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သစ်သီးရောင်းချသူများ ထံမှသိရှိရသည်။

DOCA(စစ်ကိုင်း)