
မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်မှ ထွက်တောင်ပို့မှိုများ ဝင် ရောက်မှုများပြားပြီး၊ ရာသီစာတောင်ပို့မှိုများ အရောင်းသွက်လျှက်ရှိကြောင်းသိရပါသည်။ မန္တလေး စျေးကွက်အတွင်း ဆောင်းရာသီဝင်စအချိန်တွင်ရရှိသည့် ပြင်ဦးလွင်ဒေသ ထွက်တောင်ပို့မှိုများ၊ ငွေနှင်း မှုံမှို၊ကောက်ရိုးမှို၊အပ်မှို၊မှိုကြက်တောင်၊ ရှီတာကီမှို၊ ဝါးမှိုများ တွေ့ရှိရပါသည်။ မန္တလေး စျေးကွက်အတွင်း သဘာဝအတိုင်းထွက်သည့်မှိုနှင့် စိုက်ပျိုးသည့်မှို နှစ်မျိုးတို့တွေ့ ရှိရပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်အတွင်း မှိုအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့သည့် တစ် ပိဿာပေါက်စျေးများမှာတောင်ပို့မှိုလက္ကားစျေး ၃၀၀၀ဝိ/-နှင့်၃၅၀၀ဝိ/-၊ လက်လီစျေး၄၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊ ငွေနှင်း မှုံမှိုလက္ကားစျေး ၇၀၀ဝိ/-နှင့် ၈၀၀ဝိ/-၊ လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊ ကောက်ရိုးမှိုလက္ကားစျေး ၉၅၀ဝိ/-လက်လီစျေး ၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝိ/- ၊အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ)လက္ကားစျေး ၃၀၀၀ဝိ/- နှင့် လက်လီစျေးအထုတ်(သေး)၃၅၀၀ဝိ/စျေးတို့ဖြင့် ရောင်းချလျှက် ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
