Main menu

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ စပျစ်သီးဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီးများ ရောင်းချလျက်ရှိပြီး စပျစ်သီးနှင့် ဖရဲသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

       ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း စပျစ်သီး ဗမာမျိုး ()ပိဿာလျှင်(၂၀၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ အလုံးကြီးစပျစ် သီး()ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၆၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုနိုဝင်ဘာလ ပထမပတ်အတွင်း စပျစ်သီး အလုံးကြီး()ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း၊ သစ်သီးရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)