Main menu

မြို့မဈေးတွင် ဂျင်း(ချင်း)တက်နှင့် ဂျင်းပေါက်များ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၆၈၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ဂျင်းပေါက်လုပ်ငန်း များလုပ်ကိုင်လျက်ရှိရာ ဂျင်းပေါက်လက်လီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် လက္ကားတစ်ပိဿာ လျှင် (၄၈၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂျင်းတက်(၁)ပိဿာလျှင် (၅၀၀)ကျပ်မြင့်တက်လာကြောင်း ဂျင်းတက်ရောင်းချသည့် လုပ်ငန်းရှင် ထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)