Main menu

ကန့်ဘလူမြို့နယ်၌ ဈေးနှုန်းကျဆင်းလျက်ရှိသည့် ကြက်သွန်နီ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ် ကိုင်လျှက်ရှိရာ အရေးကြီးသီးနှံ(၁၀)မျိုးအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုန်လာ ဥဖြူ၊ မုန်လာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုး ကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန် အတွက် ကြက်သွန်နီကို ရာသီချိန်အလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကြက်သွန် နီအလုံးကြီး(၁)ပိဿာလျှင် (၁၅၀၀)ကျပ်နှင့် အလတ်(၁)ပိဿာလျှင် (၁၃၀၀)ကျပ်၊ အသေး(၁) ပိဿာလျှင် (၁၁၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ယခင်နိုဝင်ဘာလ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင်(၃၀၀)ကျပ်ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ လုပ်ငန်း ရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)