
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို ထမင်းဆိုင်နှင့် စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၃၅၀၀)ကျပ်၊ အသေး(၁)ထုပ်လျှင် (၃၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၂၅၀၀မှ ၃၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အောက်တိုဘာလ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ် အတွင်း ဂေါ်ဖီထုပ်(၁)ထုပ်လျှင် (၁၀၀၀)ကျပ်နှင့် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (၅၀၀)ကျပ်ဈေးနှုန်းကျ ဆင်းလျက်ရှိရာ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
