Main menu

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် စားတော်ပဲပြုတ်နှင့် ပဲနီရေပွ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများသည် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အပြင် စွန်တာနီ(ခေါ်)ပဲနီနှင့် စားတော်ပဲတို့ကိုပြုတ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

      မြန်မာလူမျိုးတို့သည် နံနက်စာ ထမင်းဆီဆမ်းပူပူလေးနှင့် စားတော်ပဲပြုတ်ကို တွဲဖက်စားသုံး ကြသလို ကောက်ညှင်းပေါင်းနှင့်လည်း တွဲဖက်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမ ပတ်အတွင်း စွန်တာနီပဲ(ခေါ်)ပဲနီရေပွ (၁)ပြည်လျှင် (၅၀၀၀)ကျပ်၊ နို့ဆီဗူး(၁)ဘူးလျှင် (၆၅၀)ကျပ် နှင့်စားတော်ပဲပြုတ် (၁)ပန်းကန်လျှင်(၃၀၀)ကျပ်၊ (၂)ပန်းကန်လျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အောက်တိုဘာလ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုနိုဝင်ဘာလအတွင်း ပဲနီရေပွ (၁)ပြည်လျှင် (၄၀၀)ကျပ်၊ နို့ဆီဗူး(၁)ဘူးလျှင် (၅၀)ကျပ် ဈေးနှုန်းမြင့်တက်လာ ကြောင်း   ပဲနီရေပွနှင့်စားတော်ပဲပြုတ် ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)