
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများသို့ ဖြန့်ဝေထုတ်ပေးလျက်ရှိသော မြို့နယ်စားအုန်းဆီကိုယ်စားလှယ်၏ လက်လီလက်ကား စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား နိုဝင်ဘာလ(၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတို့ ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံကိန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်လင်းနိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်တို့ ပူးပေါင်းအဖွဲ့သည် ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ မြို့နယ်စားအုန်းဆီ ကိုယ်စားလှယ် ဦးကိုလေး(ခ) ဦးသိန်းထွဋ်ဆိုင်သို့ သွားရောက်ခဲ့ပြီး ဆိုင်ပိုင် ရှင်စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ဖြန့်ဖြူးရမည့်ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် အရောင်းကိုယ် စားလှယ်သို့ သတ်မှတ်အရေအတွက်အတိုင်း ဖြန့်ခွဲရောင်းချမှု စာရင်းများအား မှတ်တမ်းစာအုပ် များ စနစ်တကျထားရှိရန် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ စစ်ဆေးသည့်အခါ သေချာစွာရှင်း လင်းတင်ပြရန်၊ စားသုံးဆီဖြန့်ဖြူးမှုအား မိမိဆန္ဒသဘောဖြင့် မြို့နယ်အတွင်း/ မြို့နယ်ပြင်ပသို့ သီးခြားရောင်းဝယ်မှုများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
