Main menu

ပဲတောင့်ရှည် စိုက်ပျိုးနည်းအကြောင်း သိကောင်းစရာ

Powered by Drupal

              ပဲတောင့်ရှည်သီး စိုက်ပျိုးရာမူရင်းဒေသမှာ အာဖရိကတိုက်အလည်ပိုင်း၊ အရှေ့မြောက်ပိုင်း အာဖရိက ၊ အိန္ဒိယနှင့် အာရှတိုက်ဒေသများဖြစ်ပါသည်။ အခြားစိုက်ပျိုးသော ဒေသများမှာ မြန်မာနိုင် ငံအနှံ့အပြားနှင့် ကမ္ဘာ့အနှံ့အပြားတွင် စိုက်ပျိုးကျသည်။ ပဲတောင့်ရှည်သီးသည် အပင်ပုမျိုးနှင့် အပင် ရှည်မျိုးဟူ၍ နှစ်မျိုးခွဲခြားထားသည်။ အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကျသည်။ အတောင့် အရောင် အားဖြင့် အစိမ်းနု ၊ အစိမ်းရင့် ၊ အနီရောင်ဟူ၍ အမျိုးမျိုး ကွဲပြားခြားနားမှုရှိသည်။ ပဲတောင့် ရှည်တွင် မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ရသည်။ တိုတောင်းသောရာသီ၌ အချိန်တိုအတွင်း စိုက်ပျိုးပါ က သဲဆန်သော မြေတွင်စိုက်ပျိုးကြသည်။ မြေကောင်းလျှင် အထွက်နှုန်းပိုကောင်းသည်။ အလွန်ချဉ် သောမြေတွင် ကောင်းစွာမဖြစ်ထွန်းပါ။ စိုက်ပျိုးရန် အကောင်းဆုံးမြေသည် ချဉ်ငံဓာတ်ရှိသော မြေ ဖြစ်သည်။ အပူချိန် (၁၀) ဒီဂရီ စင်တီဂရိတ်အောက် အေးပါက သီးပွင့်မှုကို နှောင့်နှေးစေသည်။ အလွန်ပူသော ရာသီသို့မဟုတ် မိုးအလွန်များပါကလည်း အပွင့်အသီးကိုကြွေစေသည်။ အသင့်တော် ဆုံးအပူချိန်မှာ (၂၂ - ၂၅) ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်သည်။ ပဲစိုက်ပျိုးရာတွင် နွားချေးကို မြေဩဇာ အဖြစ်အသုံးပြုကြသည်။ ထွန်ရေး အသင့်အတင့်ရလျှင် စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် ရေမဝပ် သောမြေကို ရွေးချယ်ရမည်။ မျိုးစေ့ချရာတွင် အစိုဓာတ်များလွန်းပါက ပုတ်သွားတက်သည်။ ထို့ကြောင့် မိုးရွာပြီးနောက်နေသာသော အချိန်တွင်သာ စိုက်ပျိုးသင့်သည်။ စိုက်ပျိုးပြီး အပင်များရှည် လာသောအခါ အနည်းဆုံး (၇)ပေခန့်ရှည်သော ဝါးတိုင်ထောင်ပေးရမည်။ ရေဝပ်ခြင်းကင်းစင်စေရန် အတွက် စိုက်တန်းနှစ်တန်းကြားတွင် ရေနုတ်မြောင်း တစ်မြောင်းပြုလုပ်ပေးရမည်။ ရာသီဥတုသင့် တင့်သောဒေသတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ ပေါင်းမြတ်များ အထမြန်သောကြောင့် စတင် ဖြစ်ပေါ်လာသည်နှင့်နှိမ်နှင်းပေးရမည်။ ပဲပင်များရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည် ခြောက်သွေ့နေပါက ရေပေးသွင်းရန်လိုအပ်ပါသည်။ ပိုးမွှားရောဂါနှိမ်နှင်း ကာကွယ်နိုင်စေရန် ဆိုင်လာ၊ ကေလာ၊ အေမီဒါဆေး တစ်မျိုးမျိုးဖြန်းပေးရမည်။ ပဲတောင့်ရှည်သီးသည် ကြော်စား၍ သောက်လည်း၊ ပြုတ်စား၍သော်လည်းကောင်း၊ သုတ်စား၍ သော်လည်းကောင်း စားသုံးနိုင်သလို ကျန်းမာရေးအတွက်လည်းကောင်းမွန်နိုင်ပါသည်။

DOCA(ဧရာဝတီ)