Main menu

ညောင်တုန်းမြို့နယ်မှ မွေးမြူထွက်ရှိသော ငါးတန် ဈေးနှုန်း ဈေးကွက်

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင် ငါးတန်များအရောင်းအဝယ်ကောင်းမွန်နေကြောင်း ညောင်တုန်းမြို့နယ် ငါးရောင်းဝယ်ရေးဒိုင် ဒေါ်အမာထံ သိရသည်။ ညောင်တုန်းမြို့နယ်မှ ငါးတန်များ စက်တင်ဘာလ ဒုတိယပတ်မှ အောက်တိုဘာလ ၃၀ ရက်နေ့ထိ ဝယ်ယူမှုအားကောင်းလာပြီး အရောင်းအဝယ် ကောင်းမွန်နေ ကြောင်းသိရသည်။

       အဆိုပါဒေသတွင် နေ့စဉ် ငါးတန်ပိဿာချိန် ၃၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်ကနေထွက်တဲ့ ငါးတန်တွေကို ရန်ကုန်ဈေးကွက်သို့ တင်ပို့မှုများပြားလျက်ရှိသည်။  ညောင်တုန်းမြို့နယ်တွင် ငါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များက ဒေသထွက်ငါးတန်များကိုဝယ်ယူပြီး ရောင်းတမ်းဝင် သည့် အနေအထားထိ ထုတ်လုပ်ကာ ဖြန့်ဖြူးရောင်းချနေကြောင်း၊ အဆိုပါဒေသမှ ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ ကျပ်ဖြင့် ပေါက်ဈေးရှိကြောင်း၊ မြစ်ငါးတန် ၁ပိဿာဈေးအနေဖြင့် ၁ပိဿာ ၂၂၀၀၀ကျပ်ဖြင့် ဈေ0းကွက်အတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိသည်။  ရန်ကုန်သို့ တစ်နေ့လျှင် ငါးတန်ပိဿာချိန် ၅၅၀၀ တင်ပို့နေကြောင်း တစ်လလျှင် ပျမ်းမျှ ငါးတန် ပိဿာချိန် ၁၂၀၀၀၀ခန့် တင်ပို့နိုင်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)