Main menu

ဦးဝင်းဗိုလ်စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၂၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရတနာဈေးတွင် စားအုန်းဆီလက်လီရောင်းချနေသော ဦးဝင်းဗိုလ်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဦးဝင်းဗိုလ်ဆိုင်မှ တာဝန်ရှိသူက မိမိသည် ဇမ္ဗူကံထွန်း ကုမ္ပဏီမှ မိမိရရှိပြီး နေ့စဉ်လက်ကားကိုယ်စားလှယ်ဖြစ်သော ဦးလှိုင်မြင့်ထွန်းထံမှ ထုတ်ယူရရှိသော စားအုန်းဆီ ခွဲတမ်းများကို ဈေးအတွင်းရှိ စားသုံးသူပြည်သူများသို့ နေ့စဉ်နံနက် (၀၈း၀၀) နာရီမှ ညနေ(၁၆း၀၀) နာရီအချိန်အထိ သတ်မှတ်ဈေးနှုန်းအထက် (၂%)အမြတ်သာတင်၍ ရောင်းချပါကြောင်း အလေးချိန်ကိုလည်း ပြည့်ဝစွာချိန်တွယ်ပေးပါကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိကြောင်းနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ လာရောက်စစ်ဆေးသည့်အခါ အစစ်ဆေးခံနိုင်ရန် မှတ်တမ်းများလည်း ထားရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)