
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေးကွက်အတွင်း အာလူးသီး နှင့် ဂျင်း(ချင်း)တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင် မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
ယခု အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော အာလူးသီး ဈေးနှုန်းများမှာ အားလူးသီးအလုံးကြီး(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၂၃၀၀)ကျပ်၊ (အောင်ပန်း)အာလူးသီး အလုံးသေး (၁)ပိဿာလျှင်(၆၀၀၀)ကျပ် (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း၊ ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာဂျင်း(ချင်း)တက် (၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ထက် ဂျင်းတက်ဈေး တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများတွင် ကြက်သွန်ဖြူ/ နီ /အာလူး /ဂျင်း(ချင်း) အရောင်းအဝယ် လုပ်နေသူထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)
