
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဟင်းသီးဟင်း ရွက်များအပြင် ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများ ရောင်းချလျက်ရှိရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကြက်ခြံ များနှင့် မန္တလေးမြို့မှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်ဥ အကြီး(၁)လုံးလျှင် (၅၅၀)ကျပ်၊ လက်ကား(၁၀)လုံးလျှင် (၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၅၀၀) ကျပ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဘဲဥ(၁)လုံးလျှင် (၆၈၀)ကျပ်နှင့် ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ဥဈေးနှုန်း အနည်းငယ်ကျဆင်းလာကြောင်း ကြက်ဥ၊ဘဲဥလက်လီ/လက္ကား ရောင်းချသည့် လုပ်ငန်းရှင်များထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)
