Main menu

ကန့်ဘလူမြို့တွင် သနပ်ခါးပန်းပျိုးပင်များ ရောင်းချလျက်ရှိ

Powered by Drupal

   ကန့်ဘလူမြို့ပေါ်ရှိ ပန်းပျိုးပင်အရောင်းဆိုင်သည် ပန်းပျိုးပင်မျိုးစုံကို ရောင်းချလျက်ရှိရာ လူကြိုက်များသော သနပ်ခါးပန်းပျိုးပင်များကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်းမှာယူ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ သနပ်ခါးပန်းပင်သည် အလှပန်းပင်ဖြစ်ပြီး ကြီးမားသော ချုံပင်ကနေ small treeအထိ ရှိကြပါသည်။ အရွက်ကလေးများမှာလည်း တစ်နှစ်ပတ်လုံးစိမ်းနေ တတ်သော  အပင်ကလေးမျိုးဖြစ်ပါသည်။ ကိုင်းဖြာထွက်မှုအများဆုံးအပင်ဖြစ်သည်။ သနပ်ခါး ပန်းသည် တစ်နှစ်ပတ်လုံးပွင့်ပြီး ဘဲဥပုံသေးငယ်လှသော ရွှေဝါရောင်ပန်းပွင့်ချပ်(၆)ခုပါရှိကာ အသီးမှာ အနီရောင်ဖြစ်၍ အစေ့တစ်စေ့ကနေ နှစ်စေ့အထိပါဝင်သော ပန်းမျိုးဖြစ်သည်။ လှပ ရုံသာမက ရနံ့သင်းသင်းလေးရှိသော ပန်းဖြစ်သည်။ သနပ်ခါးပန်းများကို အလှပန်းအဖြစ်စိုက် ပျိုးကြသော်လည်း ကျန်းမာရေးအတွက်ပါ အသုံးဝင်သော ပန်းပင်တစ်မျိုးဖြစ်ကြောင်း သိရှိရ ပါသည်။ ဒေသမရွေး စိုက်ပျိုးနိုင်သော နှစ်ရှည်ပင်မျိုးဖြစ်ပြီး သနပ်ခါးပန်းပင်များကို  နေအိမ်ခြံ ဝင်း၊ ဥယျာဉ်၊ ဘုရားကျောင်းကန်များ၊ လမ်းဘေးဝဲယာများတွင် အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ ရှိကြောင်း၊ သနပ်ခါးပန်းပျိုးပင် တစ်ပင်လျှင်  အပင်အရွယ်အစားပေါ်မူတည်၍ အသး (၁)ပင်လျှင် (၅၀၀၀)ကျပ်၊ အကြီး(၁)ပင်လျှင်(၇၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင် အရောင်းဆိုင်မှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)