Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကန်ဇွန်းဥ နှင့် အာတာလွတ်ဥ ဈေးနှုန်း

Powered by Drupal

            ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင် သာ စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချနေသော  ကန်ဇွန်းဥ နှင့် အာတာလွတ်ဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ကန်ဇွန်းဥ ၅၀ကျပ် သားလျှင်(၁၆၀၀)ကျပ် နှင့် အာတာလွတ်ဥ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)