Main menu

ထားဝယ်မြို့ရှိ လူကြိုက်များသောနှင်းဆီဈေးမြင့်တက်လျက်ရှိ

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများ၌ စီးပွားဖြစ်ဘုရားပန်းများ စိုက်ပျိုးရောင်းချလျက်ရှိပြီး လူကြိုက်များသော နှင်းဆီပန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မော်လမြိုင်တို့ဘက်မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။ နှင်းဆီပန်းများမှာ ဘုရားပန်းအတွက်သာမက လက်ဆောင်ပေးရာ၌လည်း အဓိကထားအသုံးပြုကြသည့်အတွက် ဈေး‌ကောင်းရကြောင်းလည်း သိရှိရပါသည်။

      ၂၀၂၅ခုနှစ်၊ အောက်တိုဘာ အတွင်း ပန်းရောင်းချသူများ၏ ပြောပြချက်အရ နှင်းဆီပန်း တစ်စည်းလျှင် (  ၁၀၀၀၀ မှ ၁၂၀၀၀ )ကျပ်အထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)