Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ    စပါးလင်ပင် ဈေးနှုန်း

Powered by Drupal

     စပါးလင်ပင်သည် မြက်ပင်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီးတစ်ပင်နှင့်တစ်ပင် စုပြုံပေါက်လေ့ရှိပါသည်။ အပင်တစ်အုံလုံးကို တူးဖော်ရောင်းချပြီး တစ်နှစ်တစ်ခါမိုးရာသီတွင် ပြန်လည်စိုက်ပျိုးကြပြီး အများအားဖြင့် ဟင်းလျာများတွင် အနံ့ကောင်းစေရန် အသုံးပြုကြပါသည်။

     ထားဝယ်မြို့အတွင်းရှိ ကျေးရွာအချို့တွင် စပါးလင်ကို တစ်ပိုင်တစ်နိုင်  စိုက်ပျိုးကြသလို ခြံစိုက်တောင်သူအချို့မှာ မာလကာပင်များ အကြားတွင်ကြားသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ဈေးနှုန်းအနေဖြင့် ခြံပေါက်ဈေး  အပင်(၁၀၀)လျှင် (၅၀၀၀) ကျပ်နှုန်းရောင်းချရကြောင်း စပါးလင်စိုက် တောင်သူများထံမှသိရပြီး ဈေးကွက်အတွင်း စပါလင်ပင်သုံးပင်ပါ တစ်စီး  (၅၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)