
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုး ကြသည့်အပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်ကြပြီး ဥစားကြက်၊ အသားတိုးကြက် မွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
ထားဝယ်မြို့ပေါ်ရှိ ကြက်ဥအကြီး တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၅၅၀နှင့် ကြက်ဥငယ်တစ်လုံးလျှင် (၄၀၀ ကျပ်မှ ၄၅၀)ကျပ်ထိ ရရှိကြောင်း ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ ကြက်ဥအရောင်းဆိုင်များမှ စုံစမ်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
