Main menu

 မြိတ်မြို့ပေါ်ရှိ ပန်းငရုတ်ပွဈေးနှုန်း/ဈေးကွက်

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြ သော်လည်း ပန်းငရုတ်ပွကို မစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ငရုတ်ပွကိုမြေသြဇာကြွယ်ဝပြီး ရေမဝပ်တဲ့မြေ၊ သဲမြေ၊ နုန်းမြေပွများတွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်း ဝင်ရောက်နေသော ငရုတ်ပွများသည် ရန်ကုန်တိုင်းမှ အဓိကမှာယူလျက်ရှိပြီး ကုန်စိမ်းစျေးများတွင် ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြသည်။ စားသောက်ဆိုင်တွင် လွန်စွာ အသုံးများသည့်အပြင် အစာသွပ်ဟင်းလျာများတွင် အသုံးပြုကြသည်။ စားဖိုဆောင် သီးနှံဖြစ်သည့် ငရုတ်ပွသည် ဗီတာမင် A နှင့် C ပါဝင်တာကြောင့် အမြင်အာရုံ ကျန်းမာစေပြီး သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်ပေးကြောင်းသိရှိရပါသည်။

      ၂၀၂၅ခုနှစ်၊ အောက်တိုဘာလစတုထ္တပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ပန်းငရုတ် ပွဈေးနှုန်းမှာ တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၀၀၀)ခန့်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)