Main menu

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ငရုတ်သီးဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာဈေး၌  ရာသီပေါ်သီးနှံများဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ငရုတ်သီးများရောင်းချလျက် ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

     အောက်တိုဘာလအတွင်း ငရုတ်သီးစိမ်းဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ နိုဆီဘူး(၁)ဘူးလျှင် (၁၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အောက်တိုဘာလ အတွင်း ငရုတ်သီးစိမ်း ဈေးနှုန်းတက်သွားကြောင်း၊ ငရုတ်သီးကို မြို့ပေါ်ရပ်ကွက်များနှင့် ထားဝယ်မြို့ နယ်အတွင်း ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရသည်။

DOCA(တနင်္သာရီ)