
မြင်းခြံမြို့နယ်အတွင်းရှိ တလုပ်ရွာ၊ တောပုရွာ၊ ဂေါင်းကွဲရွာနှင့် ပတ္တာရွာများတွင် ဗမာကြက် သွန်ဖြူများကို ဆောင်းရာသီတစ်ရာသီသာ စိုက်ပျိုးလေ့ရှိကြောင်း၊ နွေရာသီနှင့် မိုးရာသီများ၌ ကြက်သွန်ဖြူများစိုက်ပျိုး ဖြစ်ထွန်းမှုမရှိကြောင်း၊ ယခုအချိန်တွင် ဒေသထွက်ကြက်သွန်ဖြူများ ထွက်ပေါ်ကုန်ဆုံးပြီဖြစ်သောကြောင့် မြို့နယ်အတွင်းသို့ ဈေးကွက်လိုအပ်ချက်အရ ကြက်သွန်ဖြူ များကို ရှမ်းပြည်နယ် တောင်ပိုင်းအောင်ပန်းမြို့နှင့် မန္တလေးမြို့တို့မှ တင်သွင်း ရောင်းချကြောင်း သိရှိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ရှမ်းကြက်သွန်ဖြူ ထူး ၁ တစ်ပိဿာလျှင်(၃၀၀၀) ကျပ်၊ ထူး ၂ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ထူး ၃ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ထူး(၄) တစ်ပိဿာ (၆၅၀၀) ကျပ်၊ ထူး ၅ တစ်ပိဿာ(၇၀၀၀)ကျပ်၊ ထူးရှယ်စ တစ်ပိဿာ (၉၅၀၀) ကျပ်နှင့် ဥတစ်လုံးကြက်သွန်ဖြူတစ်ပိဿာလျှင် (၁၈၀၀၀-၂၃၀၀၀) ကျပ်ပေါက်ဈေး များဖြင့်ရောင်းချ လျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလတတိယပတ်နှင့် နှိုင်းယှဉ် ပါက ယခုလတွင် ရှမ်းကြက်သွန်ဖြူ အစစုံတစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ပြည်တွင်း၌သာ အရောင်းအဝယ်ဖြစ်သော ကြောင့် ဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ်ကုန်ချိန် (၁၀၀-၁၅၀) ပိဿာခန့် ဒေသအတွင်း ရောင်းချရကြောင်း၊ စာသုံးမှုများ၍ အရောင်းအဝယ် ကောင်းကြောင်း၊ ကြက်သွန်ဖြူရောင်းချသူတစ်ဦး၏ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)
