အောက်တိုဘာလ၊ တတိယအပတ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ မြို့မဈေးတွင် ရောင်းချနေသော အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀) မှ (၃၅၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၄၀၀၀) မှ (၄၅၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင်(၉၅၀၀) ကျပ်မှ (၁၁၀၀၀) ကျပ် အထိရှိပြီး အမျိုးအစားပေါ်မူတည်၍ ကွဲပြားကြောင်း သိရှိရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေနေများကြောင့် ကုန်စည်စီးဆင်းမှုများခက်ခဲလျက် ရှိနေပြီး၊ နယ်စပ်ဖြစ်သော တရုတ်ပြည်မှတစ်ဆင့်အဓိကထားပြီး တစ်နိုင်တစ်ပိုင်စားသုံးရန်ယူ၍ ရောင်းချနေရကြောင်း၊ အရောင်းအဝယ်များလည်းပါးနေကြောင်း ကုန်ရောင်းချသူများထံမှ သိရှိ ရပါသည်။
DOCA(ရှမ်း)
