Main menu

မိတ္ထီလာမြို့ ကြက်ဥ ဈေးနှုန်းဈေးကွက်

Powered by Drupal

     မိတ္ထီလာ ဈေးကွက်အတွင်း ကြက်ဥ၊ ဘဲဥများကို မန္တလေးမြို့၊ တောင်ကြီး၊ ပုသိမ်ကြီး မြို့နယ်များမှ တင်သွင်းရောင်းချကြကြောင်း သိရပါသည်။ အောက်တိုဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ကြက်ဥလက္ကား ဈေးနှုန်းမှာ ကြက်ဥ(၃၀လုံးပါ ၁၀ကဒ်) တစ်ဆွဲလျှင် ၁၂၆၀၀၀ - ၁၃၅၀၀၀ကျပ်၊ လက်လီဈေးနှုန်း အနေ ဖြင့် ကြက်ဥတစ်လုံးလျှင်  ၄၂၀ - ၄၅၀ကျပ်၊ ဘဲဥတစ်လုံးလျှင် ၅၅၀ - ၅၇၀ကျပ်၊ ငုံးဥ(၁၀) လုံးလျှင် ၁၁၀၀ တို့ဖြင့် ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်ဥ၊ ဘဲဥဈေးနှုန်းများမှာ အရွယ်အစားပေါ်မူတည်၍ ဈေးအနည်းငယ် ကွာခြားမှုရှိကြောင်း၊ ယခင်လနှင့် ယခုလ ကာလတူနှိုင်းယှဉ်လျှင် ကြက်ဥ ဈေးအနည်းငယ် ကျဆင်းလာကြောင်း ၊ ဈေးနှုန်းအနည်းငယ်ကျဆင်း လာရခြင်းမှာ ကြက်စာ ဈေးအနည်းငယ်ကျ ဆင်းခြင်းနှင့် ဥထွက်နှုန်း ကောင်းမွန်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ကြက်ဥရောင်းဝယ်ရေး လုပ်ငန်းမှ သိရပါသည်။

DOCA(မန္တလေး)