Main menu

“ မိတ္ထီလာမြို့၊ မြို့မဈေးရှိ ခရမ်းချဉ်သီးဈေးကွက် ”

Powered by Drupal

   မိတ္ထီလာမြို့၊ မြို့မဈေးကြီးတွင် အောက်တိုဘာလ ဒုတိယပတ်၌ ခရမ်းချဉ်သီးဈေးမှာ ဈေး အ တက်/အကျ အနည်းငယ်ဖြင့် အရောင်းသွက်ကြောင်း သိရသည်။ ခရမ်းချဉ်သီးကို ယခုအခါဈေးကွက်၌ ဗမာသီး၊ ခေါင်းစိမ်းသီး၊ ထိုင်ဝမ်သီးဟူ၍ တွေ့ရပြီး၊ ဈေးနှုန်းအနေဖြင့် ထိုင်ဝမ်သီးနှင့်ခေါင်းစိမ်းသီးမှာ တစ်ပိဿာ (၂၅၀၀) ကျပ်၊ ဗမာသီးမှာ အလုံးအကြီး၊အသေးပေါ်မူတည်၍ တစ်ပိဿာ (၂၅၀၀မှ ၄၀၀၀) ကျပ်ဈေးရှိပါသည်။ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ထိုင်ဝမ်သီးမှာ (၁၀၀၀) ကျပ်ခန့်၊ ဗမာသီးမှာ လည်း (၁၀၀၀) ကျပ်ခန့်ဈေးမြင့်လာပါသည်။ မိုးရွာသွန်းမှုကြောင့် ဗမာခရမ်းချဉ်သီးမှာ ကွဲအပ်လွယ် သဖြင့် အထွက်နှုန်းကျဆင်းကာ ဈေးကွက်သို့ အဝင်နည်းသဖြင့် ဈေးမြင့်လာခြင်းဖြစ်ပြီး၊ ယခုတစ်ပတ် ဈေးကွက်သို့ ခေါင်းစိမ်းသီးများ ဝင်ရောက်လာပါသည်။ ခရမ်းချဉ်သီးကို တစ်နှစ်ပတ်လုံး ရှမ်းပြည်နယ် မှ ထိုင်ဝမ်သီးများ ဝင်ရောက်ပြီး ယခုလိုဒေသထွက် မိုးခရမ်းချဉ်သီးပေါ်ချိန်တွင် မြို့နယ်အတွင်းခရမ်း ချဉ်စိုက်ပျိုးသော ကျေးရွာများမှာလည်း ဗမာခရမ်းချဉ်၊ ထိုင်ဝမ်သီး၊ ခေါင်းစိမ်းသီးများ ဝင်ရောက်မှုရှိ ကြောင်း သိရသည်။

DOCA(မန္တလေး)