Main menu

လားရှိုးမြို့တွင်ဖြစ်ပေါ်နေသော ငရုတ်သီးခြောက်ဈေးနှုန်းများ

Powered by Drupal

     အောက်တိုဘာလ၊ တတိယအပတ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးတွင် ရောင်းချနေသော ငရုတ်သီးခြောက်ဈေးနှုန်းများမှာ ငရုတ်သီးခြောက်အရှည်(အညှာပါ) တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ ငရုတ်သီးခြောက်အရှည်(အညှာမပါ) တစ်ပိဿာလျှင် (၂၇၀၀၀) ကျပ်၊ ငရုတ်သီး ခြောက်အပု(အညှာပါ) တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ငရုတ်သီးခြောက်အပု (အညှာမပါ) တစ်ပိဿာလျှင် (၂၂0၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

      ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေနေများ ကြောင့် ကုန်စည်စီးဆင်းမှုများခက်ခဲလျက်ရှိနေကြောင်း၊ အခြေခံစားကုန်အချို့ကိုပင်နယ်စပ် ဖြစ်သော တရုတ်မှတစ်ဆင့် တစ်နိုင်တစ်ပိုင်ယူ၍ ရောင်းချနေရကြောင်း၊ မြန်မာပြည်တွင်းမှယူ၍ ရောင်းချရာတွင်လည်း လမ်းခရီးခက်ခဲမှုများနှင့် ကုန်ကျစရိတ်မြင့်မားမှုကြောင့် များစွာအဆင်မပြေမှု များရှိကြောင်း ဒေသခံများမှ သိရှိရပါသည်။

DOCA(ရှမ်း)