
မိတ္ထီလာဈေးကွက်တွင် စက်တင်ဘာလ ဒုတိယပတ်၌ အာလူးဈေးမှာ တက်ဈေးဖြင့် ဈေးငြိမ်နေကာ အရောင်းအဝယ်ပုံမှန်ရှိကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်သို့ အာလူးမှာ ရှမ်းပြည်နယ် တောင်ပိုင်းမှ အများဆုံးဝင်ရောက်ကာ ရှမ်းပြည်နယ်တွင် မိုးများသည့်အတွက် ဝယ်ရင်းဈေးမြင့်လာ ခြင်းကြောင့် စက်တင်ဘာလဆန်းမှစ၍ ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရသည်။ အာလူးတစ်ပိဿာ လျှင်အလုံး အကြီး/အသေးနှင့်အလုံးချောမှုအပေါ်မူတည်ပြီး တစ်ပိဿာလျှင် (၄၀၀၀ မှ ၆၀၀၀) ကျပ် ဖြင့် လက်လီရောင်းချလျက်ရှိပါသည်။ အာလူးမှာ ကုန်စိမ်းသီးနှံဖြစ်သော်လည်း အခြားကုန်စိမ်းသီးနှံများထက် အထားခံသည့်အတွက် အရောင်းတွင်ကျယ်သော သီးနှံဖြစ်ပါသည်။ အာလူးကို မိတ္ထီလာခရိုင် အတွင်း သာစည်မြို့နယ်တစ်မြို့တည်းသာ အနည်းငယ်စိုက်ပျိုးမှုရှိကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီ အတွင်း အာလူးကို မိုးစိုက်အနေဖြင့် (၆၀၃) ဧက စိုက်ပျိုးထားပြီး၊ ယခင်နှစ်က (၈၉၃) ဧက စိုက်ပျိုးခဲ့ ရာ တစ်ဧက ပိဿာ (၂၀၀၀) ကျော် ထွက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)
