Main menu

“မြုပ်သခွားသီး  စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

             မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အတွက် တောင်သူများသည် မိသားစုအပိုဝင်ငွေရအောင် သီးထပ်သီးညှပ်များနှင့် အလွယ်တကူခူးဆွတ်၍ ဝင်ငွေရအောင် စားသုံးသီးနှံများကိုလည်း အလေးထားစိုက်ပျိုးလာကြသည်ကိုတွေ့ရှိရပါသည်။ ၎င်းသီးနှံများ အနက် မြုပ်သခွားသီးနှံကိုလည်းစိုက်ပျိုးလာကြပါသည်။ မြုပ်သခွားသီး(၁)ဧက စိုက်ပျိုးမှုအနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်စုစုပေါင်း (၆၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ မြုပ်သခွား သီးနှံကို အရွယ်အစား(၃)မျိုးခွဲ၍ ဈေးထဲသို့ ဖောက်သည်ပေးရောင်းချရကြောင်း ၊ မြုပ်သခွားသီး အကြီးတစ်လုံး လျှင်(၆၀၀)ကျပ်၊မြုပ်သခွားသီး အလတ်တစ်လုံး လျှင်(၅၀၀)ကျပ် ၊ မြုပ်သခွားသီး အသေးတစ်လုံးလျှင် (၃၀၀)ကျပ်ဈေးနှုန်းများဖြင့် ရောင်းချကြောင်း၊တစ်ရက်ခြားခူးဆွတ်ရကြောင်း၊ တစ်ရက် ခြားခူးဆွတ်ရသောအလုံးအရေအတွက်မှာ အကြီး၊ အလတ်၊ အသေးအလုံးပေါင်း (၅၀၀- ၆၀၀)ထွက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် ရရှိကြောင်း၊ တောင်သူ များအနေဖြင့်စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုအပိုဝင်ငွေကို အလွယ်တကူ ရရှိနိုင်သော မြုပ်သခွားသီး သီးနှံများကိုစိုက်ပျိုးသင့်ပါကြောင်း မြုပ်သခွားသီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရ ပါသည်။

DOCA (မန္တလေး)