Main menu

မိတ္ထီလာဈေးကွက်သို့ ဝါသီးနှံအသစ်များ စတင်ဝင်ရောက်

Powered by Drupal

   မိတ္ထီလာဈေးကွက်တွင် အောက်တိုဘာလဆန်းမှစ၍ ဝါသီးနှံအသစ်များ စတင်ဝင်ရောက်လာ ပြီ ဖြစ်ကြောင်း သိရသည်။ ဈေးကွက်သို့ ဝါသီးနှံစိုက်ပျိုးသည့် မိတ္ထီလာနှင့် မလှိုင်မြို့နယ်ရှိ ကျေးရွာအချို့ မှလာရောက်ရောင်းချကြရာ ယခုအခါ ချည်မျှင်တိုဝါကို မလှိုင်မြို့နယ်ရှိ ကျေးရွာများမှ ဝင်ရောက်လျက် ရှိပါသည်။ အသစ်ဝင်လာသောဝါမှ အရည်အသွေးမကောင်းသေးခြင်း၊ အစိုဓါတ်ပါခြင်းတို့ကြောင့် ဈေး နိမ့်ရာ ချည်မျှင်ရှည်ဝါ တစ်ပိဿာ (၃၂၀၀-၃၃၀၀) ကျပ်တို့ဖြင့် ဝယ်ယူနေပြီး၊ ချည်မျှင်တိုဝါကို တစ်ပိ  ဿာ (၃၂၀၀-၃၂၅၀) ကျပ်တို့ဖြင့် ဝယ်ယူရကြောင်းသိရသည်။

          မိတ္ထီလာဈေးကွက်ရှိ ဝါပွဲစား၊ ပွဲရုံ၊ ကုန်သည်များအနေဖြင့် နှစ်စဉ်ဝယ်ယူရရှိသော ဝါကို မိတ္ထီလာမြို့ပေါ်ရှိ ဝါစက်များနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းကြပါသည်။ ဝါသီးနှံကို နှစ်စဉ်အောက်တိုဘာ လမှစ၍ ဝယ်ယူကြရာ ယခင်နှစ်ကာလတူတွင် တစ်ပိဿာ (၃၅၀၀) ကျပ်ဈေးဖြင့် ဝယ်ယူခဲ့ရကြောင်း၊ ဝါကုန်သည်များထံမှသိရသည်။ မိတ္ထီလာခရိုင်အတွင်း ချည်မျှင်တိုဝါကို မိတ္ထီလာမြို့နယ်တွင် အနည်းငယ်နှင့် မလှိုင်မြို့နယ်တွင် ဧက (၃၇၀၀) ကျော် စိုက်ပျိုးထားပြီး ချည်မျှင်ရှည်ဝါကို အများဆုံးစိုက်ပျိုး ကြောင်းသိရသည်။

DOCA(မန္တလေး)