Main menu

“ကျောက်ဆည်မြို့ပန်ထိမ်ငိုပန်းစျေးကွက်”

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေး နှင့် မြို့မစျေးများသို့ ပန်းမျိုစုံ ဝင်ရောက်လျက်ရှိရာ ပန်းတိမ်ငိုပန်း၊ ဂန္ဓမာပန်း နှင့် နှင်းဆီပန်းများ အများဆုံးဝင်ရောက် လျက်ရှိပါသည်။၄င်းပန်းများထဲမှ ပန်းတိမ်ငိုပန်းကို ကလော ၊ အောင်ပန်း နှင့် ပြင်ဦးလွင်မြို့များမှ အများဆုံး ဝင်လျက်ရှိကြောင်း ၊ ပန်းထိမ်ငိုပန်းအနေဖြင့် (၃)မျိုးရှိပြီး အရာင်များမှာ အဖြူရောင်၊ ခရမ်းနုရောင်၊ ခရမ်းရင့်‌ရောင်ဟူ၍ရှိပါသည်။ ယခုလက်ရှိ ကျောက်ဆည်မြို့ရှိ မြို့မစျေး နှင့် အေးမြကြည်လင်စျေးများတွင် ယခင်လတွင် ပန်းတိမ်ငိုပန်း ခရမ်းအရင့်ရောင်(၁၀)ပင်စီး တစ်စည်းလျှင် (၃၀၀၀-၃၅၀၀)ကျပ် ၊ အဖြူရောင်နှင့်ခရမ်းနုရောင်(၁၀)ပင်စီး တစ်စည်းလျှင်(၂၅၀၀-၂၈၀၀)ကျပ်၊ယခုလတွင် ပန်းတိမ်ငိုပန်း ခရမ်းအရင့်ရောင်(၁၀)ပင်စီး တစ်စည်းလျှင်(၂၅၀၀-၂၀၀၀)ကျပ်၊အဖြူရောင်နှင့်ခရမ်းနုရောင် (၁၀)ပင်စီး တစ်စည်းလျှင်(၂၅၀၀-၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခင်လကထက် ဈေးအနည်းငယ်ကျဆင်းပြီး ပန်းအမျိုးအစားပေါ် မူတည်၍ စျေးနှုန်းကွာခြားလျက်ရှိကြောင်း ၊  နေ့စဉ် အေးမြကြည်လင်စျေး နှင့် မြို့မစျေးများသို့ ပန်းတိမ်ငိုပန်းများ ဝင်ရောက်မှုများပြားလာသောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ပန်းရောင်းချသော ပန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA (မန္တလေး)