
သာစည်မြို့ရှိမြို့မဈေးသည် သာစည်မြို့၊အမှတ်(၄)ရပ်ကွက်တွင်ရှိပြီး နေ့စဉ် ဈေးသည်၊ ဈေးဝယ်များ နှင့်စည်ကားလျက်ရှိပါသည်။ မြို့မဈေးတွင် အသားငါး၊ ဟင်းသီးဟင်းရွက်၊ ဘုရားပန်းစသည့် လက်လီဈေးသည် များမှာ ဈေးဝယ်များနှင့် နေ့စဉ်အရောင်းသွက်သည်ကို တွေ့ရသည်။
ယခုအောက်တိုဘာလဆန်းတွင် မြို့မဈေးရှိ ဘုရားပန်းဆိုင်များတွင်ပန်းတိမ်မနိုင်၊ ကျောက်ဆည်သပြေ ငုတ် ၊ ဂန္ဓမာ(အဖြူ/အဝါ/ပန်း/ခရမ်း) ပိုက်စွပ်နှင်းဆီပန်း ၊ရေမွှေးပန်းများ ရောင်းချကြောင်းသိရသည်။ ဈေးနှုန်းများအနေနဲ့ ပန်းတိမ်မနိုင်(၁၀ခက်စီး)တစ်စီး (၃၀၀၀)ကျပ်၊ ဂန္ဓမာ(အဖြူပွင့်အကြီး)တစ်စီး (၆၀၀၀)ကျပ်၊ အဝါပွင့်ကြီးတစ်စီး (၅၀၀၀)၊ပန်းခရမ်းရောင်အပွင့်သေး တစ်စီး(၄၀၀၀)၊ ကျောက်ဆည်သပြေငုတ်(သေး)ငါးငုတ်ပါ တစ်စီး(၂၀၀၀)ကျပ် သစ္စာပန်းအဖြူ (၅)ခက် စီးတစ်စီး (၄၀၀၀)ကျပ်၊ ပိုက်စွပ်နှင်းဆီ ရောင်စုံ (၁၀)ပွင့်စီး (၁)စီးလျှင် (၃၀၀၀-၃၅၀၀)ကျပ်၊ ရေမွှေးပန်း(၁၀)ခက်ပါ (၁)စီးလျှင် (၇၀၀)ကျပ်၊ အရောင်းအဝယ် ဖြစ်နေပြီးစက်တင်ဘာလဆန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးအနေနှင့် နေအိမ်၊ ဘုန်းကြီးကျောင်း မှာရှိတဲ့ ဘုရားပန်းကိုမညှိုးအောင် ကပ်လှူကြတဲ့အတွက် ဘုရားပန်းဈေးကွက်ကတော့ ရာသီမရွေးအရောင်းသွက်ကြောင်းသိရသည်။
DOCA(မန္တလေး)
