Main menu

မိတ္ထီလာမြို့ ပြည်သာယာဈေးရှိဂေါ်ရခါးသီးဈေးကွက်

Powered by Drupal

   မိတ္ထီလာမြို့ ၊ ပြည်သာယာဈေးရှိ ဂေါ်ရခါးသီးဈေးကွက်တွင် အောက်တိုဘာလ ဒုတိယပတ်၌ ဈေးနှုန်းကျဆင်းလာကြောင်းသိရသည်။ အောက်တိုဘာလ ပထမပတ်က   ဂေါ်ရခါးသီး(၃)လုံးလျှင် (၁၀၀၀)ကျပ် ဈေးရှိခဲ့ရာမှ ယခုတပတ်တွင် ဂေါ်ရခါးသီးတစ်လုံးလျှင် (၁၀၀)ကျပ်ဈေးသာရှိပါသည်။ မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ကုန်းဈေးရောင်းချသည့် ဈေးသည်များမှာ မြို့မဈေး၊ ဖြိုး‌ဝေဈေး တန်းရှိ ကုန်ဈေးပွဲရုံများမှဝယ်ယူရောင်းချကြပါသည်။ ဂေါ်ရခါးသီးများမှာ ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်းဒေသများမှ အဝင်များသဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းကျဆင်းကြောင်း ဈေးကွက်မှသိရပါသည်။

DOCA(မန္တလေး)