
မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိခရမ်းသီးဈေးကွက်တွင် အောက်တိုဘာလ ဒုတိယပတ်၌ဈေးနှုန်းမြင့် တက်လာကြောင်းသိရသည်။ အောက်တိုဘာလ ပထမပတ်၌ ခရမ်းသီး(၁)ပိဿာလျှင် (၂၄၀၀)ကျပ်ဈေးရှိခဲ့ရာမှ ယခုတပတ်တွင် ခရမ်းသီး(၁)ပိဿာလျှင်(၂၅၀၀)ကျပ်မှ(၂၇၀၀)ကျပ် ဈေးရှိပါသည်။ မိတ္ထီလာမြို့ပြည်သာယာ ဈေးရှိကုန်ဈေးရောင်းချသည့် ဈေးသည်များမှာ မြို့မဈေး၊ ဖြိုးဝေဈေးတန်းရှိ ကုန်စိမ်းပွဲရုံများမှဝယ်ယူ ရောင်းချကြပါသည်။ ခရမ်းသီးအပါဝင် ကုန်စိမ်းများကို ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလော ဒေသတို့မှ ဝင်ရောက်ကြောင်းနှင့်ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းမှာအနည်းငယ်မြင့်တက်လာကြောင်း ဈေးကွက်မှသိရပါသည်။
DOCA(မန္တလေး)
