ထောပတ်ပဲပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အများအားဖြင့် တစ်ရာသီခံအပင်အဖြစ် စိုက်ကပျိုးကြသည်။ ထောပတ်ပဲပင်မှ အရွက်များနှင့် အသီးများကို နှစ်မျိုးလုံးစားသုံးနိုင်ပါသည်။
ထောပတ်ပဲများကို မြန်မာနိုင်ငံ အနှံ့အပြားမှ မှာယူရောင်းချလျက်ရှိသော်လည်း အများအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မှာယူရောင်းချကြပါသည်။ ထောပတ်ပဲသည် စိမ့်သော အရသာရှိသည်။ ယခုလရာသီသည် ထောပတ်ပဲ စတင်ပေါ်ထွက်သည့်လဖြစ်သောကြောင့် ဈေးကောင်းရရှိလျက် ရှိပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဘူတာဈေးတွင် ရောင်းချလျက်ရှိသော ထောပတ်ပဲ ဈေးနှုန်းမှာ နို့ဆီဘူးတစ်ဘူးလျှင် (၂၀၀၀) ကျပ် နို့ဆီဘူးတစ်ဘူးလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
