
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့မဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကိုရောင်းချလျက်ရှိရာ မုန်လာဥနီများကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။
မုန်လာဥနီဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၁၅၀၀) ကျပ် မှ (၂၀၀၀ -၂၅၀၀) ကျပ်အထိရှိပြီး အကြီးအသေးနှင့် အမျိုးအစားပေါ်မူတည်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် ကုန်စည်စီးဆင်းမှုများခက်ခဲလျက်ရှိနေပြီး၊ နယ်စပ်ဖြစ်သော တရုတ်ပြည်မှတစ်ဆင့် အဓိကထားပြီး တစ်နိုင်တစ်ပိုင်စားသုံးရန်ယူ၍ ရောင်းချနေရကြောင်း၊ အရောင်းအဝယ် များလည်းပါးနေကြောင်း ကုန်ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(ရှမ်း)
