Main menu

ဈေးနှုန်းအနည်းငယ်မြင့်တက်လာသောကြက်ဥဈေးနှုန်း

Powered by Drupal

   မြင်းခြံမြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာများတွင်ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို မိသားစုစားဝတ်နေရေးအတွက် စီးပွားဖြစ်တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြသော်လည်း မြို့နယ်အတွင်းရှိ လူဦးရေအရလိုအပ်သော ကြက်ဥများကို ပခုက္ကူမြို့နှင့် ပြင်ဦးလွင်မြို့တို့မှမှာယူ၍ ဒေသတွင်း ဖြန့်ဖြူးရောင်းချကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်၌ အေးမြသီတာ ဈေးတွင် ‌ရောင်းချနေသော ကြက်ဥ (၅၀) ကျပ်သားလျှင် (၆၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်လ စက်တင်ဘာ ဒုတိယပတ်တွင် ကြက်ဥ (၅၀) ကျပ်သားလျှင် (၅၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၀၅၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချခဲ့ကြောင်းသိရှိရသည်။ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ကြက်ဥ (၅၀) ကျပ်သားလျှင် (၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့်ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ဥစားကြက်အစာဈေးများ ဈေးနှုန်းအနည်းငယ်မြင့် တက်ခဲ့၍ ကြက်ဥဈေးနှုန်းများ အနည်းငယ်မြင့် တက်ခဲ့ခြင်းဖြစ်ကြောင်း၊ လူမျိုးဘာသာမရွေး စားသုံးသော ကြက်ဥသည် ဈေးကွက်တွင်နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နေ့စဉ် ကြက်ဥ လက်လီလက်ကားအလုံးရေ (၁၀၀၀-၁၅၀၀) လုံးခန့်ရောင်းချရကြောင်း ကြက်ဥရောင်းချ သူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)