Main menu

လယ်ယာထွက်ကုန်သီးနှံဈေးနှုန်းများနှင့်အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

   မြင်းခြံကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ၂၀၂‌၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်၌ လယ်ယာထွက်ကုန်ပဲမျိုးစုံ၊ ပြောင်းနှင့်ဆီထွက်သီးနှံဈေးနှုန်းများမှာ  ပဲစဉ်းငုံနီ တစ်တင်းလျှင် (၇၈၀၀၀) ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၇၆၀၀၀-၅၇၀၀၀) ကျပ်၊ ပဲဇီးကွက် တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ ထောပတ်ပဲဖြူအသေး တစ်တင်းလျှင် (၆၄၅၀၀) ကျပ်၊ ကုလားပဲV2 တစ်တင်းလျှင် (၈၁၅၀၀)ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် (၈၀၇၀၀) ကျပ်၊ ကုလားပဲဝါ အထွက်တိုးတစ်တင်းလျှင် (၇၉၇၀၀) ကျပ်၊ ပဲပုပ်တစ်တင်းလျှင် (၁၂၁၀၀၀) ကျပ်၊ ပဲဘိစပ်တစ်တင်း လျှင် (၃၃၀၀၀) ကျပ်၊ စီပီပြောင်း တစ်တင်းလျှင် (၂၆၂၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၇၅၀၀)ကျပ်၊ မြေပဲ S1လုံးဆံတစ်တင်းလျှင် (၁၀၂၀၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်တစ်ပတ်ထက် ယခုတစ်ပတ် တွင် ပဲစဉ်းငုံ၊ ပဲပုပ်နှင့် အစေ့ထုတ်ပြောင်းနှင့် နှမ်းညိုဈေးနှုန်းများမှာ တစ်တင်းလျှင် (၅၀၀-၁၀၀၀)ကျပ်ခန့် အနည်းငယ် မြင့်တက်ခဲ့ပြီး ထောပတ်ပဲ၊ ကုလားပဲV2၊ 929၊ အထွက်တိုးနှင့် ထောပတ်ပဲ အသေးဈေး နှုန်းများမှာတစ်တင်းလျှင် (၈၀၀-၂၀၀၀)ကျပ်ခန့်ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ မတ်ပဲ၊ ပဲဇီးကွက်နှင့် မြေပဲဆံဈေးမှာ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ နေ့စဉ်သီးနှံမျိုးစုံအ ရောင်းအဝယ် ဖြစ်မှုအနေဖြင့် (၁၀၀-၃၀၀) အိတ်ခန့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပဲမျိုးစုံ ပြောင်းတင်ပို့မှု အနေဖြင့် ရန်ကုန်ဘုရင့်‌နောင်ပွဲရုံ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့များသို့ တင်ပို့ကြောင်း၊ နှမ်းတင်ပို့မှုအနေဖြင့် မကွေးမြို့သို့လည်း တင်ပို့ကြောင်း  သီးနှံအရောင်းအဝယ်လုပ်ကိုင် သူတစ်ဦး၏ပြောပြချက် အရသိရှိ ရသည်။

DOCA(မန္တလေး)