Main menu

မအူပင်ဈေးအတွင်း ငါးမွေထိုးကင် ရောင်းချမှု အခြေအနေ

Powered by Drupal

       မအူပင်ခရိုင်၊ ဈေးများအတွင်း မြစ်ချောင်း၊ အင်းအိုင်များမှ ငါးများထွက်ရှိနေသဖြင့် ထွက်ရှိလာသော ငါးများထဲမှ ငါးမွေထိုးငါး များထွက်ရှိလာပြီး ငါးမွေးထိုးကင် ရောင်းချသူများပြားလာကြောင်း တွေ့ရှိရသည်။ မအူပင်မြို့သည် ငါးမွေးမြူသူများ ရှိသဖြင့် ရေချိုငါးဖမ်းလုပ်သားများ အဆင်ပြေလျက်ရှိပြီး၊ ထွက်ရှိသော ငါးများကို ငါးခြောက်ပြုလုပ်ခြင်း၊ တန်ဖိုးမြင့်ပြုပြင်ပြောင်းလဲ၍ ထုတ်လုပ်‌ရောင်းချသူလည်း များပြားသည်။

          ငါးမွေထိုးကင် ရောင်းချသော ဈေးနှုန်းမှာ ၁ပိဿာလျှင် ၃၅၀၀၀-၄၀၀၀၀ကျပ်အထိ ၅၀ကျပ်သားလျှင် ၂၀၀၀၀- ၁၇၅၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းချက်ရှိသည်ဟူ ရောင်းချသူမှ ပြောပြသည်။ ငါးမွေထိုးကို မီကင်၍ အခြောက်လှန်းကာ ဈေးအတွင်းရောင်းချပါက  ဈေးနှုန်းတစ်မျိုးရရှိပြီး၊ ငါးမွေထိုးကို နေလှန်း၍ အခြောက်ပြုလုပ်ကာ ရောင်းချခြင်းမျိုးလဲ ရှိသည်။ ငါးမွေထိုး အစိမ်း ၁ပိသာလျှင် ၂၀၀၀၀-၂၅၀၀၀ကျပ်ဖြင့် ငါးရောင်းချသူများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေူကွက်အတွင်းမှ သိရပါသည်။

DOCA(ဧရာဝတီ)