
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့် ၁၂၂၈၁ အိတ်၊ တန်အားဖြင့် ၆၁၄ တန်နှင့် ဆန်ကွဲအနေဖြင့် ၅၅၀၀ အိတ်၊ တန်အားဖြင့် ၂၇၅ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ဆန် ၁၆၁၅၈ အိတ် နှင့် တန်အားဖြင့် ၈၀၈ တန်ကိုလည်းကောင်း၊ ဆန်ကွဲ ၆၅၆၅ အိတ်နှင့် တန်အားဖြင့် ၃၂၈ တန် တင်ပို့ခဲ့ကြောင်း ယခုလအနေဖြင့် ဆန်အိတ် ၃၈၇၇ အိတ် လျောနည်းတင်ပိုခဲ့ကြောင်းနှင့် ဆန်ကွဲ ၁၀၆၅ အိတ် လျော့နည်းတင်ပို့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။
DOCA(ဧရာဝတီ)
