
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၂၇.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ အမှတ်တံဆိပ်ပါ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုတ် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Sunday (အသင့်ဖျော်ကော်ဖီ)၊ Best (အသင့်ဖျော် ကော်ဖီ)၊ PREMIER (အသင့်ဖျော်နှပ်ကော်ဖီ)၊ Old Town (အသင့်ဖျော်ကော်ဖီ)၊ PLATINUM (ဝိုက် ကော်ဖီ)၊ Royal Maynmar (အသင့်ဖျော်လက်ဖက်ရည်)တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)တွင် ပြဌာန်းထားသော ပြဌာန်းချက်အညီ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်ဖြစ်သူအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
