Main menu

ညောင်ဦးမြို့နယ်၌ သွင်းအားစုဓာတ်မြေဩဇာများဖြန့်ဖြူး

Powered by Drupal

  ညောင်ဦးမြို့နယ်ရှိ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက် ရှိသော သွင်းအားစုများအား စိုက်ပျိုးရာသီအချိန်မီရရှိစေရေး၊ အရည်အသွေးပြည့်မီစွာဖြင့် ဈေးနှုန်း သက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရေးတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနတို့ဖြင့် မြို့နယ်အဆင့် ယူရီးယား ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပြီး ညောင်ဦးမြို့ နယ်အတွင်းရှိ ကန်တော်ကျေးရွာ၊ လက်ပန်ခြေပေါ်ကျေးရွာ၊ မြေနဲလေးကျေးရွားများရှိ တောင်သူ များအား ယူရီးယားဓာတ်မြေဩဇာအိတ်(၁၅၀)အိတ်အား (၉.၉.၂၀၂၅)ရက်နေ့တွင် ဖြန့်ဖြူးရောင်းချ ပေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)