
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၂၅.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)နာရီက ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဖြင့် လိုက်ပါ၍ ကံကြီးကျေးရွာ တောင်သူဦးခင်မောင်ဝင်း၏ အောင်နိုင်တိုးစပါး(၈)ဧက ရိတ်သိမ်းမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုဆောင်ရွက်ရာတွင် စပါးအစိုဓါတ်(၂၃)ရာနှုန်း၊ စပါးတင်း(၁၅၀.၁၂)တင်းအား သတ်မှတ်အစိုဓါတ် သို့ရရှိရန်အတွက် အခြောက်ခံရာတွင် စပါး(၁၄၀.၃၆)တင်းခန့်ရရှိပြီး၊ စပါး အခြောက်ဈေးနှုန်း (၁၄)သိန်း ဝန်းကျင်ခန့်ရရှိကြောင်းသိရှိရပြီး၊ တောင်သူလယ်သမားများအနေဖြင့် မိမိတို့၏ရိတ်သိမ်းစပါးများအား နေလှမ်းအခြောက်ခံပြီးမှ ရောင်းချမည့်နေရာသို့ သွားရောက်ရောင်းချကြရန် ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ တောင်သူလယ်သမားများအား ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါ သည်။
DOCA(ဧရာဝတီ)
