Main menu

လာမည့်ရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ၌ ကုန်သွယ်ရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သွားမည့် တရုတ်နှင့်အမေရိကန်

Powered by Drupal

          ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ကုန်သွယ်ရေးစစ်ပွဲများကို ရှောင်ရှားရန်အတွက် တရုတ်နိုင်ငံသည် အောက်တိုဘာ ၂၃ ရက်နေ့၌ အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများကို မလေးရှားနိုင်ငံတွင် ပြုလုပ်လိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

        Beijing သည် ယခုလတွင် မြေရှားသတ္ထုလုပ်ငန်းများကို ထိန်းချုပ်ရန် ကြေညာခဲ့ပြီး အမေရိကန်သမ္မတ Donald Trump ကလည်း တုန့်ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းကုန်များကို အခွန် ၁၀၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ထို့အပြင် Trump သည် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ပြင်ပတွင် တရုတ်နိုင်ငံသမ္မတ Xi Jinping နှင့် တွေ့ဆုံမှုကို ငြင်းပယ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရပါသည်။

       သို့ရာတွင် အမေရိကန်သမ္မတသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီမှုများ ရရှိရန်နှင့် ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်လိုရန် မျှော်မှန်းကြောင်း ‌ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ နှစ်နိုင်ငံကြားမှ စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေးတွင်ရှိသော အရေးကြီးသော ပြဿနာများကို‌ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

 Source: The Daily Star                                                              

DOCA (ရန်ကုန်)